Uncategorized

ဘယ်လင်ဂမ်မပါဝင်တဲ့အခြေအနေတွေကို ရီးရယ်လ်ဖြေရှင်းနိုင်တယ်လို့ ဆိုခဲ့တဲ့ အန်ဆယ်လော့တီ

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လိုက်ပ်ဇစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကွင်းလယ်လူ ဘယ်လင်ဂမ်လွဲချော်မှာဖြစ်ပေမယ့် သူတို့ဟာ ဘယ်လင်ဂမ်မပါဝင်နိုင်တဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေတဲ့ ဘယ်လင်ဂမ်ဟာ ဂျီရိုနာအသင်းနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ဘယ်လင်ဂမ်ဟာ ဒဏ်ရာကြောင့် ၃ ပတ်ကြာ အနားယူရဖွယ်ရှိနေတာဖြစ်ပါတယ်။အန်ဆယ်လော့တီက ဘယ်လင်ဂမ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ပေမယ့် သူမပါဝင်တဲ့ပွဲတွေမှာလည်း အသင်းနိုင်ပွဲရယူနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဒီမှာမရှိတဲ့ ကစားသမားတွေအကြောင်း ကျနော်ဘယ်တော့မှတွေးနေမှာမဟုတ်ပါဘူး။ဒီမှာရှိနေတဲ့သူတွေအကြောင်းပဲတွေးရတာက မျှတပါတယ်။ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ အသင်းအတွက် ၄ ပွဲမပါဝင်နိုင်ခဲ့ပေမယ့် ဒီပွဲတွေမှာ အသင်းအနိုင်ရခဲ့ပါတယ်။သူ့နေရာကို အစားထိုးခဲ့တဲ့ ဘရာဟင်နဲ့ ဟိုဆေးလူတို့ကလည်း ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ဂိုး ၂၀ သွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol