Uncategorized

ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်သွင်းပြီး ဘွန်ဒစ်လီဂါအမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်လိုက်ပါတယ်။

Soccer Football – Bundesliga – Bayer Leverkusen v Bayern Munich – BayArena, Leverkusen, Germany – February 10, 2024 Bayer Leverkusen’s Jeremie Frimpong in action with Bayern Munich’s Raphael Guerreiro REUTERS/Thilo Schmuelgen

လေဗာကူဆင်အသင်းအတွက်ဂိုးတွေကို စတန်ဆစ်၊ဂရီမယ်လ်ဒိုနဲ့ ဖရင်ပေါင်တို့က သွင်းယူခဲ့တာပါ။ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ လေဗာကူဆင်အသင်းကို ဘောလုံးပိုင်ဆိုင်မှုသာ အသာစီးရယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုတွေမှာ လေဗာကူဆင်အသင်းက အပြတ်အသာစီးရရှိခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၈ ကြိမ်အထိရှိခဲ့တာပါ။ဘိုင်ယန်မြူးနစ်အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၉ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။လေဗာကူဆင်အသင်းအတွက်တော့ ဒီနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို ၅ မှတ်အထိဖြတ်နိုင်ခဲ့တာပါ။

ပြိုင်ပွဲပြီးဆုံးဖို့ အများကြီးကျန်ရှိနေပေမယ့် လေဗာကူဆင်အသင်းအတွက်တော့ ဒီရာသီမှာ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရယူနိုင်ဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်သွားပြီလို့ ပြောရမှာပါ။အခုဆိုရင် လေဗာကူဆင်အသင်းဟာ ပြိုင်ပွဲစုံ ၃၁ ပွဲအထိ ရှုံးပွဲမရှိစံချိန်တင်ထားပြီး ဘယ်လောက်အထိ ထပ်ပြီးစံချိန်တင်မလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol